Privacy Policy

Burmese

Here you will find our regional privacy policies. If you have any questions or queries please contact us at privacypolicies@credolab.com.

Other Regional Privacy Policies

CredoLab Pte. Ltd.

ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒ

(နောက်ဆုံးပြင်ဆင်ခြင်း - ၂၀၁၉ ခုနှစ် အောက်တိုဘာလ)

CredoLab ဝန်ဆောင်မှုများကို သင်အသုံးပြုသောအခါတွင် သင့်အချက်အလက်များနှင့်ပတ်သက်၍အေးချမ်း သာယာစွာ စိတ်ချလက်ချအသုံးပြုနိုင်ရေးမှာ CredoLab ရှိ ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။မည်သို့သော အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းသည်ဆိုသည်နှင့် ယင်းတို့အား အသုံးပြုခြင်းများကိုအကြောင်းအရင်းနှင့် တကွ သင်နားလည်နိုင်စေရန် ဤကိုယ်ရေးလုံခြုံမှုမူဝါဒကို အချိန်အနည်းငယ်ပေး၍ဖတ်ရှုပေးပါ။

ကျွန်ုပ်၏ အချက်အလက်များကို မည်သည့်အတွက်စုဆောင်းရပါသနည်း။

ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်ပါသည်။ ခရစ်ဒစ်ဆုံးဖြတ်ချက်များအားအချိန်နှင့်တစ်ပြေးညီ ချမှတ်ရာတွင် အထောက် အကူဖြစ်စေမည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားကျွန်ုပ်တို့ပေးအပ်လျှက် ရှိပါသည်။ ကျွန်ုပ်တို့သည် အလွန်တရာအဆင့်မြင့်သော အယ်လဂိုရစ်သမ်များနှင့်ရှေးပြေးဆန်းစစ်ချက်များကို အသုံးပြုသည့် ကျွန်ုပ်တို့ပိုင် မိုဘိုင်းအပလီကေး(CredoApp) မှတစ်ဆင့် အခြားသောခရစ်ဒစ်မှတ်များ ဖော်ဆောင်ရန် မိုဘိုင်းစက်ပစ္စည်း ဒေတာများကိုအသုံးပြုပါသည်။ ဤရမှတ်အား သင်လျှောက်ထားလျှက်ရှိသော ငွေကြေးအဖွဲ့အစည်း၏ ငွေကြေး ဝန်ဆောင်မှုနှင့်အညီကျွန်ုပ်တို့ဖော်ဆောင်ပေးပါသည်။ သင်၏ အစားထိုးခရစ်ဒစ်မှတ်အား အခြားသူများနှင့် ကျွန်ုပ်တို့မျှဝေခြင်းမပြုပါ။ သင့်ရမှတ်ကို တွက်ချက်ရန်အတွက် သင့်ကို တိုက်ရိုက်စိစစ်ဖော်ထုတ်ခြင်းမရှိသည့် အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ အထူးသဖြင့် ဤသို့သော အချက်အလက်များအားအချက် အလက်ပရိုဖိုင်များ တည်ဆောက်ရန်နှင့် အပိုင်းလိုက်ခွဲခြားထားသော ဆုံးရှုံးမှုအလားအလာပရိုဖိုင်များ ဖော်ဆောင် ပေးရန်၊ ပျှမ်းမျှကိန်းဂဏန်း အချက်အလက်များ ဖော်ထုတ်ရန်၊ ကျွန်ုပ်တို့၏လက်ရှိထုတ်ကုန်များကို ပိုမို ကောင်းမွန်စွာ စီမံရန်နှင့် ထုတ်ကုန်အသစ်များဖန်တီးရန်တို့အတွက်ကျွန်ုပ်တို့ အသုံးပြုပါသည်။ ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များကို ကျွန်ုပ်တို့ကာကွယ်ခြင်းကိုလည်းသင်စိတ်ချယုံကြည်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကိုအသုံးပြုခြင်းအားဖြင့် သင်သည် သင့်အချက်အလက်များကို ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီစုဆောင်း၊ အသုံးပြု၊ မျှဝေခြင်းကို သဘောတူလိုက်ခြင်းဖြစ်ပါသည်။ တိတိပပ ဖော်ပြထားသောထုတ်ကုန်တစ်ခုခုမှအပ အားလုံးသော CredoLab ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် ဤကိုယ်ရေးလုံခြုံမှုနှင့်အကျုံးဝင်ပါသည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်သို့စုဆောင်းပါသနည်း။

ကျွန်ုပ်တို့၏ အပလီကေးရှင်းကို သင်က ဒေါင်းလုတ်ရယူပြီးနောက် သင်၏ဒီဂျစ်တယ်လက်ဗွေကို ကျွန်ုပ်တို့ထံ ပေးအပ်ရန် သဘောတူပြီးသောအခါ သင်အချက်အလက်များကိုကျွန်ုပ်တို့စုဆောင်းပါသည်။ သင်၏ ဒီဂျစ်တယ် လက်ဗွေအား သင်၏ သဘောတူခွင့်ပြုချက်မရှိဘဲထုတ်ယူခြင်းမပြုနိုင်သကဲ့သို့ ထိုသို့သော ထုတ်ယူခြင်းမျိုး ကိုလည်း ပြုလုပ်သွားမည်မဟုတ်ပါ။

သင့်အချက်အလက်များအား သင်၏ သဘောတူခွင့်ပြုချက်မပါဝင်ပဲငွေကြေးအဖွဲ့အစည်းများထံမှ တောင်းခံသွား မည် မဟုတ်သကဲ့သို့ သင့်သဘောတူခွင့်ပြုချက်မပါဘဲစုဆောင်းစီမံသွားမည် မဟုတ်ပါ။ သင့်မိုဘိုင်းဖုန်းပေါ်တွင် ခရက္ဒစ္ရမွတ္ဆန္းစစ္ခ်က္တစ္ရပ္ကိုနှင့်/ သို့မဟုတ် လိမ်လည်မှုတိုက်ဖျက်ရေး စတင်လုပ်ဆောင်ခြင်းမပြုမီတွင်"ခရစ်ဒစ်ဆန်းစစ်ချက်ကို ဆက်လုပ်မည်" ဟူသော ဖော်ပြချက် သို့မဟုတ် အလားတူဖော်ပြချက်များပါရှိသည့် ခလုတ်ကိုနှိပ်ရန်လည်း သင့်ထံ တောင်းဆို သွားပါမည်။

မည်သို့သော အချက်အလက်များကို စုဆောင်းပါသနည်း။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက်သင့်စမတ်ဖုန်းပေါ်မှ အချက်အလက်အမျိုးမျိုးအား ကျွန်ုပ်တို့ စုဆောင်းလေ့ရှိပါသည်။ ကျွန်ုပ်တို့၏CredoLab မိုဘိုင်းအပလီကေးရှင်းက သင့်အချက်အလက်များကို စုဆောင်း အသုံးပြုခွင့် ရရှိပြီးမှသာသင့်မိုဘိုင်းစက်ပစ္စည်းပေါ်မှ အချက်အလက်များကို ကျွန်ုပ်တို့မိုဘိုင်းအက်(ပ်)ပ်က ရယူသုံးဆွဲသွားပါမည်။ ဤသို့သောအချက်အလက်များတွင် သင့်စက်ပစ္စည်း၏ အိုင်ဒီအမှတ်၊ SMS စာများအကြိမ်ရေများနှင့်သမိုင်၊ ဘရောက်ဆာအသုံးပြုမှုမှတ်တမ်း၊ အဆက်အသွယ်များ၊ပြက္ကဒိန်များ၊ အက်(ပ်)များစာရင်း၊ တည်နေရာအချက်အလက်နှင့် သိုလှောင်မှုတို့ ပါဝင္ပါသည္နှင့်၊ အောက်တွင်ဖော်ပြထားသော အချို့ကိစ္စများတွင်သင့်စက်၏ IP[1]လိပ်စာ။ ဤသို့သော ခွင့်ပြုချက်များအား သင်၏ စက်ပစ္စည်းဆက်တင်များကိုအသုံးပြုကာ ပြောင်းလဲနိုင်ပါသည်။

သင်၏ ဘဏ္ဍာရေးဌာနသည် (Iovation Inc. ကိုယ်စား CredoLab မှ တစ်ဆင့်ခံရောင်းချသူ၏သဘောတူညီချက်အရ ဆောင်ရွက်ပေးသော) လိမ်လည်မှုတိုက်ဖျက်ရေးအဖြေရှာမှုအတွက် စာရင်းသွင်းရယူထားမှသာလျှင် ကျွန်ုပ်တို့က သင်၏ IP လိပ်စာကို ဖတ်ရှုရယူပါမည်။ အကယ်၍ သင်၏ ဘဏ္ဍာရေးဌာနက CredoLab ၏ ခရက်ဒစ်ရမှတ်ဆိုင်ရာ ဝန်ဆောင်မှုများအတွက်သာစာရင်းသွင်းရယူထားပါက သင့်စက်၏ IPလိပ်စာကို ကျွန်ုပ်တို့ဖတ်ရှုရယူမည်မဟုတ်ပါ။ သင်သည် (ချေးငွေ၊ ခရက်ဒစ်ကတ် စသည့်) ဘဏ္ဍာရေးဝန်ဆောင်မှုတစ်ခုခုကိုလျှောက်ထားလျှင် IPလိပ်စာကို တစ်ကြိမ်သာဖတ်ရှုရယူမည်ဖြစ်ပြီး အမြဲတမ်းရယူမှုမရှိပါ။ ကျွန်ုပ်တို့ကောက်ယူသော IP လိပ်စာဆိုင်ရာ အချက်အလက်များသည်ပုံမှန် ဝက်(ဘ်)ဆိုက်ဆန်းစစ်ရေးကိရိယာများက ကောက်ယူသည့် အချက်အလက်များနှင့် အတူတူပင်ဖြစ်ပါသည်။

သင့်စက်ပစ္စည်းနှင့် ပတ်သက်ဆက်နွှယ်သည့်ကြော်ငြာအိုင်ဒီ၊ ကျွန်ုပ်တို့ဝန်ဆောင်မှုများကို အသုံးပြုရန် ချိတ်ဆက် သည့် အင်တာနက်ဝန်ဆောင်မှုပေးအပ်သူသို့မဟုတ် မိုဘိုင်းကွန်ရက်၊ သင့်စက်ပစ္စည်းပေါ်တွင်ရှိနိုင်သည့် အခြား သော အပလီကေးရှင်းများနှင့်ယင်းတို့ကို အသုံးပြုပုံ (ထိုအပလီကေးရှင်းများအတွင်းသို့ မည်သည့်အခါမျှ ကျွန်ုပ်တို့ဝင်ရောက်ခြင်းမပြုပါ)ဖြင့် သက်ဆိုင်သည့် အချက်အလက်များအပါအဝင် အချက်အလက်အမျိုးမျိုးအား ကျွန်ုပ်တို့ဝန်ဆောင်မှုများပိုကောင်းလာစေရေးအတွက် စုဆောင်းလေ့ရှိပါသည်။ 

ကျွန်ုပ်ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်မည့်အချက်အလက်များကို စုဆောင်းပါသလား။

အခြားကုမ္ပဏီများနှင့် မတူသည့်အချက်မှာသင်ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်မည့် သင့်အမည်နှင့် အီးမေးလ်လိပ်စာ များအား ကျွန်ုပ်တို့စုဆောင်းမှုမပြုခြင်းပင် ဖြစ်ပါသည်။ IP[2]လိပ်စာ  နှင့်/သို့မဟုတ် စက်ပစ္စည်းအိုင်ဒီ၊ IMEI သို့မဟုတ် MEID သို့မဟုတ် ထိုနှစ်မျိုးစလုံး၊မီဒီယာဖိုင်များတွင် ဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်ခြင်းမရှိသော ရေမြေတည်နေရာကဲ့သို့သော အခြားအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းလေ့ရှိပါသည်။ တူညီသောစက်ပစ္စည်း တစ်ခုအတွင်းမှ ပေါ်ထွက်လာသည့် အပလီကေးရှင်းအတုများကို စိစစ်ဖော်ထုတ်ရန်အတွက်ဤအချက်အလက် များကို ကျွန်ုပ်တို့စုဆောင်းခြင်း ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် သင်မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ် ခြင်းကို ကာကွယ်ပေးထားသော်လည်း သင်နှင့်ဆက်စပ်သော အချက်အလက်များကို အသိမှတ်ပြုနိုင်စွမ်းကိုမူထိန်းသိမ်းထားပါသည်။ 

သင်ဖြစ်ကြောင်း ဖော်ထုတ်ခြင်းကို ကာကွယ်ရန်အတွက်ကျွန်ုပ်တို့စုဆောင်းသော အချက်အလက်များအတွင်းမှ ကိုယ်ရေးဖော်ထုတ်မှုပြ အချက်အလက်များကိုဖယ်ရှားခြင်း သို့မဟုတ် သင့်အကြောင်း ကျွန်ုပ်တို့စုဆောင်းသော ကိုယ်ရေးအချက်အလက်များကိုအခြားသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် စုပေါင်းခြင်း သို့မဟုတ် အမည်မဖော်ပြခြင်းသို့မဟုတ် ထိုနည်းနှစ်မျိုးစလုံးကို အသုံးပြုခြင်းများကိုလည်း ပြုလုပ်သွားဖွယ် ရှိပါသည်။ဥပမာ အားဖြင့် သင့်တည်နေရာ အတိအကျအား သီခြားသိုလှောင်ထားခြင်းဖြစ်ပါက ကိုယ်ရေးအချက်အလက်အဖြစ်ကျွန်ုပ်တို့မှတ်ယူသွားမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ အသုံးပြုသူများ၏ တည်နေရာများအားနိုင်ငံတစ်ခုခုအတွင်း၌ တည်ရှိနေသော အသုံးပြုသူမည်မျှရှိသည်ဆိုသည်ကိုသာ ကျွန်ုပ်တို့အားပြောပြနိုင်သည့် အချက်အလက်ပေါင်းချုပ် တစ်ခုအတွင်းသို့ ပေါင်းထည့်လိုက်ပါက ယခုကဲ့သို့ပေါင်းစုထားသော အချက်အလက်အား ကိုယ်ရေးအချက်အလက် အားဖြင့် စိစစ်ဖော်ထုတ်နိုင်သည်ဟု ကျွန်ုပ်တို့မှတ်ယူသွားမည်မဟုတ်ပါ။

ကျွန်ုပ်တို့၏ မိုဘိုင်းအပလီကေးရှင်းကစုဆောင်းသော အချက်အလက်များအား ငွေကြေးဝန်ဆောင်မှုတစ်ခုအတွက် သင်လျှောက်ထားလျှက်ရှိသောငွေကြေးအဖွဲ့အစည်းတစ်ခုသို့ ပေးပို့ခြင်း မပြုပါ။ ဤအချက်အလက်များကို စီမံ ဆောင်ရွက်ခြင်းအားCredoLab ၏ လုံခြုံစိတ်ချရသော ဆာဗာများပေါ်တွင်သာ အပြီးအစီး ဆောင်ရွက်ပါသည်။ သင်ရွေးချယ်ထားသောငွေကြေးအဖွဲ့အစည်းအနေဖြင့် သင့်ခရစ်ဒစ်ဆန်းစစ်ချက် အပါအဝင် သင်နှင့်သက်ဆိုင် သည့် အမည်ဖော်ပြခြင်းမရှိသောအချက်အလက်အချို့အား အကန့်အသတ်ဖြင့် ရရှိသွားပါမည်။ ဤအချက်အလက် များမှာ သင်အဖြစ်မှတ်ယူနိုင်စေသောအနေအထားတွင်ရှိနေသော်လည်း ယင်းတို့အား မူလစုဆောင်းထားသည့် အချက်အလက်အကြမ်းများကို ပြန်လည်ဖော်ထုတ်ရန်စီစဉ်ဆောင်ရွက်ခြင်း မပြုနိုင်ပါ။

ဤနည်းစနစ်သည် ကျွန်ုပ်တို့ဆာဗာများသို့ပေးပို့ထားသည့်အချက်အလက်များဘေးကင်းလုံခြုံမှုရှိစေရန် အထောက် အကူပြုသည့်အပြင် သင့်အချက်လက်အကြမ်းများကိုလည်းသင့်စက်ပစ္စည်းပေါ်တွင်သာ ကျန်ရှိနေစေပါသည်။

ကျွနု်ပ်တို့စုဆောင်းသော အချက်အလက်တစ်ခုချင်းစီတိုင်းနှင့်အမျိုးအစားတစ်ခုချင်းစီတိုင်းအား စာရင်းဖော်ပြခြင်း မပြုနိုင်သော်လည်း မည်သို့သော အချက်အလက်အမျိုးအစားများကို စုဆောင်းသည်ဆိုသော ယျေဘုယျ နားလည်မှုတစ်ရပ်နှင့် ကျွန်ုပ်တို့ဆိုလိုရင်းများကိုသင်နားလည်စေမည့် ဥပမာများကို အောက်တွင်ဖော်ပြပေးထား ပါသည်။ 

ဥပမာ -

·           ကျွန်ုပ်တို့မိုဘိုင်းအပလီကေးရှင်းသည်သင့်မိုဘိုင်းစက်ပစ္စည်းပေါ်မှ စာတိုမက်ဆေ့ခ်ျများနှင့် အီးမေးလ် မက်ဆေ့ခ်ျများဖြင့်သက်ဆိုင်သည့် အချက်အလက်များကို စုဆောင်းလေ့ရှိပါသည်။ သင့်ဖုန်းပေါ်တွင် ရှိသည့် ဤသို့သောမက်ဆေ့ခ်ျများအားလုံးအား ဤမိုဘိုင်းအပလီကေးရှင်းက စကန်ဖတ်ရှာဖွေခြင်းများ ပြုလုပ်သွားဖွယ်ရှိသော်လည်းမက်ဆေ့ခ်ျတစ်ခုချင်းစီနှင့်သက်ဆိုင်သည့် အကန့်အသတ်ရှိသော အချက်အလက်အချို့ကိုသာ စုဆောင်းခြင်း(နှင့် ဆာဗာပေါ်သို့ တင်ခြင်းများ) ပြုလုပ်သွားပါမည်။ ဥပမာ အားဖြင့် ဤမိုဘိုင်းအပလီကေးရှင်းသည် လက်ခံရရှိသော မက်ဆေ့ခ်ျပမာဏကို ရေတွက်၍၎င်းတို့ကို ပေးပို့သောအချိန်နှင့် ပေးပို့သူများအား ရွေးချယ်ထားသောငွေကြေးအဖွဲ့အစည်းများစာရင်းဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းများ ပြုလုပ်သွားဖွယ်ရှိပါသည်။ထို့အတူ ကြိုတင်မှန်းဆသတ်မှတ်ထားသည့်အဓိကစကားလုံး အချို့အတွက် စကန်ဖတ်ရှာဖွေခြင်းများနှင့် ထိုသို့သော အဓိကစကားလုံးများပါဝင်သောမက်ဆေ့ခ်ျ တစ်စောင်ကို တွေ့ရှိသောအခါတွင် အချက်ပြခြင်းများကိုလည်း ပြုလုပ်သွားဖွယ်ရှိပါသည်။ဤအချက် အလက်များကိုသာ ကျွန်ုပ်တို့ဆာဗာပေါ်သို့ ပေးပို့သွားမည်ဖြစ်ပါသည်။ အခြေခံ အချက်အလက်အကြမ်းများကို ပေးပို့သွားမည် မဟုတ်ပါ။

·           သင့်မိုဘိုင်းစက်ပစ္စည်းပေါ်မှဖုန်းစာအုပ်ပါ သင့်အဆက်အသွယ်စာရင်းကို စကန်ဖတ်ရှာဖွေခြင်းနှင့် စီမံ ဆောင်ရွက်ခြင်းများအားကျွန်ုပ်တို့မိုဘိုင်း အပလီကေးရှင်းက ဆောင်ရွက်စဉ်တွင် အမည်များနှင့် ဆက်သွယ်မှုအသေးစိတ်အားကျွန်ုပ်တို့ဆာဗာများသို့ ပေးပို့သွားမည်မဟုတ်ပါ။ ဤဖုန်းစာအုပ်ပါ အဆက် အသွယ်များ၏ နံပါတ်များကဲ့သို့သောအချက်အလက်များသာမက "အဆက်အသွယ်စာရင်းနှင့် နံပါတ်စိမ်း များအကြား ခေါ်ဆိုမှုပြုသောရာနှုန်း"ကဲ့သို့သော တိုင်းတာဖော်ပြချက်များကို ပေးပို့သွားပါမည်။

·           သင့်စက်ပစ္စည်းပေါ်တွင်တပ်ဆင်ထားသည့် အပလီကေးရှင်းများစာရင်းနှင့် သက်ဆိုင်သည့် အချက် အလက်များကဲ့သို့သောအချက်အလက်များအား သင့်အပလီကေးရှင်းစာရင်းမှတစ်ဆင့် စကန်ဖတ် ရှာဖွေခြင်းနှင့် စီမံခြင်းများအားကျွန်ုပ်တို့၏ မိုဘိုင်းအပလီကေးရှင်းက ပြုလုပ်သွားဖွယ်ရှိသော်လည်း ထိုသို့သော အပလီကေးရှင်းများ၏သရုပ်သကန်နှင့် ယင်းတို့ကို အသုံးပြုသော အကြိမ်ရေနှုန်းထားများဖြင့် သက်ဆိုင်သည့် အချက်အလက်များကိုသာကျွန်ုပ်တို့ စုဆောင်းသွားပါမည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်သို့အသုံးပြုပါသနည်း။

ငွေကြေးအဖွဲ့အစည်းများက သင့်အတွက် ချေးငွေတစ်ရပ် သို့မဟုတ် အခြားသောငွေကြေးဝန်ဆောင်မှုများ ပေးအပ်ရန် သင့်/မသင့် ဆုံးဖြတ်နိုင်စေမည့် သင်၏ ငွေကြေးအင်အားအခြေအနေကိုဆန်းစစ်အကဲဖြတ်ရန်အတွက် သင့်အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းခြင်းဖြစ်ပါသည်။

သင့်အချက်အလက်များအား အောက်ဖော်ပြပါ နည်းလမ်းများအတွက်လည်း အသုံးပြုပါသည်-

ငွေကြေးဝန်ဆောင်မှုဆိုင်ရာပြဌာန်းချက်များအတွက် ချုပ်ဆိုသည့် စာချုပ်များ၏ မူဘောင်များတွင် ပါဝင်သော ကြွေးမြီပြန်ဆပ်ရန်ပျက်ကွက်နိုင်ခြေကို ဆန်းစစ်အကဲဖြတ်မှုအပါအဝင် သင်၏ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်စွမ်းအပေါ်ဆန်းစစ်အကဲဖြတ်မှုတစ်ရပ် ရရှိရန်။

အယ်လဂိုရစ်သမ်များနှင့်တွက်ချက်မှု စံပုံစံများမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများ လက်ခံရယူ လိုသည့် သင့်ဆန္ဒကိုဆန်းစစ်အကဲဖြတ်ရန်။

သင့်စက်၏ IP လိပ်စာကို လိမ်လည်မှုတိုက်ဖျက်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ်လိမ်လည်မှုများ၊ စပမ်းများ၊ မဲ(လ်)ဝဲများ၊ ကိုယ်ရေးအချက်အလက်ခိုးယူသူများ သို့မဟုတ်အခြား ချိုးဖောက်ဝင်ရောက်မှုများ သို့မဟုတ် အခြား မည်သည့် ဥပဒေမဲ့လုပ်ရပ်များကိုမဆိုဖော်ထုတ်ပြီး ကာကွယ်ရန်အတွက်သာ အသုံးပြုပါမည်။

ကျွန်ုပ်တို့နှင့် ငွေကြေးအဖွဲ့အစည်းများထံမှ ကြော်ငြာများနှင့်ဈေးကွက်မြှင့်တင်ရေး ဖော်ပြချက်များ ပေးပို့ခွင့်ကို အချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။

ကျွန်ုပ်၏ အချက်အလက်များကို မျှဝေခြင်းပြုပါသလား။

သင်၏ ခရက်ဒစ်ဆန်းစစ်ချက်အား ငွေကြေးဝန်ဆောင်မှုတစ်ရပ်အတွက် သင်လျှောက်ထားလျှက်ရှိသော ငွေကြေးအဖွဲ့အစည်းတစ်ရပ်က တောင်းဆိုလာပါက ယင်းထံ ကျွန်ုပ်တို့မျှဝေပေးလေ့ရှိပါသည်။ ထို့အတူ ထိုငွေကြေးအဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်သွယ်လိုဖွယ်ရှိသည့် သင့်ဆန္ဒကိုလည်း မျှဝေလေ့ရှိပါသည်။

သင့်အချက်အလက်များအား အောက်ဖော်ပြပါနည်းလမ်းများအတွက်လည်း မျှဝေပးသွားဖွယ် ရှိပါသည် -

တရားဝင် ဥပဒေကြောင်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အညီဆောင်ရွက်ရန်ဥပဒေကြောင်းအရ စေခိုင်းပါက သို့မဟုတ် လိုအပ်သောအခါ၊ ကျွန်ုပ်တို့ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ၏ လုံခြုံရေးအလို့ငှာအပါအဝင် CredoLab ၏ အခွင့်အရေးများ သို့မဟုတ် ပိုင်ဆိုင်မှုများကိုကာကွယ်ထိန်းသိမ်းရန် လိုအပ်သောအခါ၊ ကိုယ်ရေးလုံခြုံမှုကို သော်လည်းကောင်း၊ အများပြည်သူဆိုင်ရာအခြားအခွင့်အရေးများ သို့မဟုတ် ပိုင်ဆိုင်မှုများကိုသော်လည်းကောင်း၊ CredoLab သို့မဟုတ်ယင်း၏ ဖောက်သည်များ သို့မဟုတ် ဝန်ထမ်းများကိုသော်လည်းကောင်း ကာကွယ်ရန် သို့မဟုတ် ကျွန်ုပ်တို့လုပ်ငန်း၏တစ်စိတ်တစ်ဒေသ သို့မဟုတ် အလုံးစုံကို ရောင်းချခြင်းနှင့် ဆက်စပ်၍ လိုအပ်သောအခါတွင်မျှဝေပါသည်။ လုပ်ငန်းပေါင်းစည်းမှုတစ်ရပ်၊ ဝယ်ယူမှုတစ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှု ရောင်းချမှုတစ်ရပ်တွင် ပါဝင်သောအခါ ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ ကျွန်ုပ်တို့ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့သော ပြင်ပအဖွဲ့အစည်းတစ်ရပ်သို့ ဤကိုယ်ရေးအချက်အလက်တစ်ခုခုအား မျှဝေမည့်အခါသို့မဟုတ် အကျိုးဆက် တစ်ခုအဖြစ် ကွဲပြားခြားနားသော ကိုယ်ရေးလုံခြုံမှုတစ်ရပ် ဖန်တီးသောအခါအကျိုးသက်ရောက်ခံ အသုံးပြုသူ များသို့ အသိပေးသွားပါမည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်မျှကြာကြာထိန်းသိမ်းထားပါသနည်း။

ဤမိုဘိုင်းအပလီကေးရှင်း၏ အခြေခံလုပ်ဆောင်နိုင်စွမ်းကိုဖော်ဆောင်ရန်နှင့် ပိုကောင်းအောင် ဆောင်ရွက်ရန်၊ ငွေကြေးအဖွဲ့အစည်းတစ်ခု၏ ဤဖောက်သည်အတွက်ဖော်ဆောင်ပေးသော ခရက်ဒစ်ရမှတ်ကတ်ကို အပ်ဒိတ် လုပ်ရန်အလို့ငှာ ထိန်းသိမ်းထားသော သင့်အချက်အလက်အားပယ်ဖျက်ပေးပါရန် သင်က စောလျင်စွာ တောင်းဆိုခြင်းမပြုပါက သုံးနှစ်ကြာသည်အထိ ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်၏ အချက်အလက်များနှင့်ပတ်သက်၍မည်သို့သော အခွင့်အရေးများအား ကျွန်ုပ်ပိုင်ဆိုင်ထားပါသနည်း။ 

သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့စီမံဆောင်ရွက်သောအချက်အလက်များ၊ ရည်ရွယ်ချက်များနှင့် စီမံဆောင်ရွက်သော သဘောသဘာဝများအကြောင်း ကျွန်ုပ်တို့ထံမေးမြန်းပိုင်ခွင့် ရှိသကဲ့သို့ ယင်းတို့အား မည်သူတို့နှင့် မျှဝေသည် ဆိုသည့် အချက်အလက်များကိုဖော်ဆောင်ပေးရန်လည်း တောင်းဆိုပိုင်ခွင့်ရှိပါသည်။ သင့်နှင့်ပတ်သက်၍ ကျွန်ုပ်တို့စုဆောင်းထားသည့် အချက်အလက်များအား အပ်ဒိတ်ပြုလုပ်ရန် သို့မဟုတ် ပယ်ဖျက်ရန် (သင့်အတွက်ကျွန်ုပ်တို့ဖော်ဆောင်ပေးအပ်သော ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုမရှိဟု မှတ်ယူ၍) အချိန်မရွေးတောင်းဆို ပိုင်ခွင့်ရှိပါသည်။ အခြားသူများ၏ ကိုယ်ရေးလုံခြုံမှုအပါ် အန္တရာယ်ရှိသော သို့မဟုတ်ကြောင်းကျိုးဆီလျှော်မှု မရှိသော သို့မဟုတ် ထပ်ခါထပ်ခါ ပြုလုပ်သော သို့မဟုတ် အင်အားများစွာစိုက်ထုတ်ရန်လိုအပ်သော တောင်းဆိုမှု များကို ကျွန်ုပ်တို့ငြင်းဆန်သွားဖွယ်ရှိသည်ဆိုခြင်းအား သတိပြုပေးပါ။ သင့်အချက်အလက်များကိုပယ်ဖျယ်ပေးရန် ကျွန်ုပ်တို့ထံ သင်တောင်းဆိုခြင်း မပြုပါက အသုံးပြုသူတစ်ဦးအဖြစ်မှ ရပ်တန့်ပြီးနောက်တွင်လည်းကျွန်ုပ်တို့ ထိန်းသိမ်းသွားဖွယ် ရှိပါသည် (သို့သော် အချက်အလက်များကို စုဆောင်ထားသောရည်ရွယ်ချက်အတွက် ကြောင်းကျိုးဆီလျှော်မှုရှိစွာ လိုအပ်သည်ထက်ပို၍ ရှည်ကြာစွာ သိမ်းဆည်းခြင်းမျိုးအားကျွန်ုပ်တို့ ပြုလုပ်လေ့ မရှိပါ)။ သင့်အချက်အလက်များအား ကျွန်ုပ်တို့ကာကွယ်ရန်နှင့်လုံခြုံစွာ ထိန်းသိမ်းပေးရန် ကျွန်ုပ်တို့အား တောင်းဆို ပိုင်ခွင့်ရှိပါသည်။ ခွင့်ပြုချက်မရှိသောဝင်ရောက်အသုံးပြုမှုများ သို့မဟုတ် ကျွန်ုပ်တို့ထိန်းသိမ်းထားသော အချက် အလက်များကိုခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်း၊ ပိတ်သိမ်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများဘေးအန္တရာယ်များမှCredoLab နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများကို ကာကွယ်ရန် ကျွန်ုပ်တို့က ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။အထူးသဖြင့် သင့်ထံမှ ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များအားလုံးအပေါ် လေးစားသောအားဖြင့်ဤကိုယ်ရေးလုံခြုံမှုအား အချိန်ပြည့် လိုက်နာဆောင်ရွက်သကဲ့သို့ သင့်အချက်အလက်များ အသုံးပြုဖော်ပြခြင်းအပေါ် ကန့်သတ်ထားသည့်အပြင် ထိုသို့သော အချက်အလက်များကို ကျွန်ုပ်တို့မျှဝေသော အဖွဲ့အစည်းများကလည်း ထိုအချက်အလက်များအား ယင်းတို့နှင့် တိုက်တန်သည့် ကိုယ်ရေးလုံခြုံမှု ကျင့်ဝတ်များနှင့်အညီအသုံးပြုရန် အသေအချာ ဆောင်ရွက်ပေးပါသည်။ ထို့အတူ ကျွန်ုပ်တို့စုဆောင်းသော အချက်အလက်များလုံခြုံမှု ရှိစေရန်နှင့် ယင်းတို့ကို ကာကွယ်ရန်တို့အတွက် စနစ်တကျ ရှိနှင့်ပြီးဖြစ်သည့်အပြင်ဤလုပ်ငန်းကဏ္ဍတစ်လွှား လက်ခံထားသည့် ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာကျင့်ထုံးများကိုလည်း အသုံးပြု ထားပါသည်။ လက်တွေ့ကျင့်သုံးနိုင်သည့် အချက်အလက်ကာကွယ်ရေးဥပဒေတစ်ခုခုကို ဖောက်ဖျက်ခြင်းအတွက် သက်ဆိုင်ရာ အချက်အလက်ကာကွယ်ရေး အာဏာပိုင်များသို့လည်းတိုင်ကြားမှုများ ပြုလုပ်နိုင်ပါသည်။

လတ်တလောကာလအတွင်း မည်သို့သော အပြောင်းအလဲများအားပြုလုပ်ထားပါသနည်း။

ကျွန်ုပ်တို့ထံတွင် ဤကိုယ်ရေးလုံခြုံမှုမူဝါဒအား အချိန်မရွေးပြောင်းလဲပိုင်ခွင့်ရှိပြီးကိုယ်ရေးလုပ်ခြုံမှုမူဝါဒကို အပ်ဒိတ် ပြုလုပ်ခဲ့သည့် နောက်ဆုံးရက်စွဲကိုလည်း ဖော်ပြပေးသွားပါမည်။ကြီးမားသော အပြောင်းအလဲများရှိပါက ထိုသို့သော အပြောင်းအလဲများအား အရောင်ခြယ်၍ ဖော်ပြပေးသွားမည့်အပြင်အခြေအနေပေးပါက သင့်ထံ တိုက်ရိုက် အသိပေးရန် ကြိုးစားသွားပါမည်။ ဤကိုယ်ရေးလုံခြုံမှုမူဝါဒ၏ ယခင်ဗားရှင်းများကိုလည်း သင်ပြန်လည်သုံးသပ် နိုင်စေရန်အတွက် မှတ်တမ်းအဖြစ် သိမ်းဆည်းပေးသွားပါမည်။ 

လတ်တလောအပြောင်းအလဲများ - ကျွန်ုပ်တို့၏နောက်ဆုံးအပ်ဒိတ်တွင် သင့်အချက်အလက်များအား ကျွန်ုပ်တို့ စုဆောင်း၊ အသုံးပြု၊ မျှဝေပုံကိုရှင်းပြထားပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များမှတစ်ဆင့် အသုံးပြုသူ၏ သရုပ်သကန်ကိုကာကွယ်ရန်ကျွန်ုပ်တို့ဆောင်ရွက်သော လုပ်ဆောင်ချက်များနှင့် အသုံးပြုသူများ၏ ရွေးချယ်မှု များကိုကျွန်ုပ်တို့အထောက်အကူပြုပုံအပိုင်းတွင် ဖြစ်ပါသည်။

သင့်ထံ ကျွန်ုပ်က မည်သို့ ဆက်သွယ်နိုင်ပါသနည်း။

ဤကိုယ်ရေးလုံခြုံမှု မူဝဒါ သို့မဟုတ်အထက်ဖော်ပြပါ ဖော်ပြချက်တစ်ခုခုနှင့်ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက privacypolicy@credolab.com မှတစ်ဆင့် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့နိုင်ပါသည်။CredoLab Pte. Ltd, #12-01 Capital Tower, 168 Robinson Road, Singapore 068912 သို့လိပ်မူ၍ ပေးစာပေးပို့ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့သိရန်လိုအပ်သော အခြားအကြောင်းအရာများရှိပါသေးသလား။

သင့်မိုဘိုင်းစက်ပစ္စည်းပေါ်မှ ကျွန်ုပ်တို့၏အပလီကေးရှင်းကို ဖယ်ရှားခြင်းနှင့် သင့်အချက်အလက်များကို ပယ်ဖျက် ပေးရန် ကျွန်ုပ်တို့ထံတောင်းဆိုခြင်းများအားဖြင့် သင့်အချက်အလက်များအား ကျွန်ုပ်တို့စုဆောင်း၊ အသုံးပြု၊ဖော်ပြ ခြင်းအား သင်ငြင်းပယ်နိုင်ပါသည်။

ရည်ရွယ်ထားသော ဝန်ဆောင်မှုများကို မှန်ကန်ကျနစွာဖော်ဆောင်ပေးရန်အတွက် သင့်ထံမှ အချက်အလက်များကို ကျွန်ုပ်တို့လိုအပ်ပါသည်။ ကျွန်ုပ်တို့ထံအချက်အလက်များမျှဝေခြင်းကို မရွေးချယ်ပါက ကျွန်ုပ်တို့ဝန်ဆောင်မှု၏ အခြေခံစွမ်းဆောင်နိုင်မှုများ၏တစ်စိတ်တစ်ဒေသ သို့မဟုတ် အားလုံးမှာ တိကျမှုမရှိနိုင်သကဲ့သို့ ယင်းတို့ကို ရရှိနိုင်ခြင်းလည်းမရှိနိုင်ပါ။

ရံဖန်ရံခါတွင် ကျွန်ုပ်တို့ဝက်ဘ်ဆိုက် သို့မဟုတ် ထုတ်ကုန်များတွင်ပြင်ပအဖွဲ့အစည်းများက စီမံဆောင်ရွက်သည့် လင့်ခ်များ သို့မဟုတ် ဝက်ဘ်ဆိုက်များ သို့မဟုတ်အခြားဝက်ဘ်ဆိုက်များသို့သွားသော လင့်ခ်များ ပါဝင်ဖွယ်ရှိပါသည်။ ဤသို့သော ဝက်ဘ်ဆိုက်တစ်ခုခုသို့သွားရောက်သည့် လင့်ခ်တစ်ခု (ဥပမာ - မိုဘိုင်းအက်(ပ်)စတိုးများတွင် ကမ်းလှမ်းထားသည်များ)အတိုင်း သင်သွားရောက်ပါက ဤဆိုက်များတွင် ၎င်းတို့ ကိုယ်ပိုင် ကိုယ်ရေးလုံခြုံမှု မူဝါဒများထားရှိသည်ကို သတိပြုပေးပါ။ ဖော်ပြပါ ဝက်ဘ်ဆိုက်များပေါ်သို့ သင်သွားရောက်လည်ပတ်သောအခါသင်သည် ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် အကျုံးဝင်သွားမည်ဖြစ်ပြီး ထိုသို့သော ဝက်ဘ်ဆိုက်များသို့ကိုယ်ရေးအချက်အလက်များ မျှဝေခြင်းမပြုမီတွင် ယင်းတို့ကို ဖတ်ရှုနားလည်ထားသင့်ပါသည်။

[1] အင်တာနက်နှင့်ချိတ်ဆက်ထားသောစက်တိုင်းကိုအင်တာနက်ပရိုတိုကော(IP) လိပ်စာဟုခေါ်သည့်ထူးခြားသောနံပါတ်တစ်ခုသတ်မှတ်ထားသည်။ အိုင်ပီလိပ်စာများကိုအင်တာနက်၀ န်ဆောင်မှုပေးသူများနှင့်ကုမ္ပဏီများကပုံမှန်သတ်မှတ်ပြီးပြန်လည်သတ်မှတ်ပေးသည်။

[2] အိုင်ပီလိပ်စာကိုအမြဲတမ်းပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက် (PII) အဖြစ်မသတ်မှတ်ပါ။ ဖိလစ်ပိုင်၊ စင်ကာပူနှင့် GDPR နိုင်ငံများတွင် PII ဟုသတ်မှတ်သည်။ အခြားတရားစီရင်ပိုင်ခွင့်တွင်ထိုသို့မဟုတ်ပါ။